လိဒ်စ် ကို ၇ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ၇ပွဲဆက် အနိုင်ရခဲ့တဲ့ မန်စီးတီး

မန်စီးတီး အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ် အသင်းကို (၇)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီး အတွက် ဂိုးတွေကို ဒီဘရိုင်းက (၂)ဂိုး၊ဖိုဒန်၊မာရတ်ဇ်၊ဂရီလစ်ရှ်၊ဂျွန်စတုန်းစ်နဲ့ အကီ တို့က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။မန်စီးတီး အသင်း ဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် (၇)ပွဲဆက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ မန်စီးတီး အတွက် လိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် အကြီးမားဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။မန်စီးတီး ရဲ့အကြီးမားဆုံး နိုင်ပွဲကတော့ (၂၀၁၉) က ဝက်ဖိုဒ့်ကို (၈)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။

မန်စီးတီး အသင်းဟာ ဒီပွဲမှာ လိဒ်စ် အသင်းကို ပွဲအစအဆုံးဖိကစားခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု(၃၁)ကြိမ်နဲ့ ဂိုးပေါက်ကန်သွင်းမှု (၁၅)ကြိမ်အထိ ရှိခဲ့ဝာာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီဘရိုင်း ပြန်ပါလာတာနဲ့ အတူ အသင်းရဲ့တိုက်စစ်ပိုင်းကလည်း ပိုမို ကောင်းမွန်လာခဲ့တာဖြစ်ပြီး ဂိုးမြူးခဲ့တာပါ။ဒါ့အပြင် ဂိုးပေါက်ပျောက်နေတဲ့ ဂရီလစ်ရှ် ဒီပွဲမှာ ဂိုးပေါက်ပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

လိဒ်စ် အသင်းနည်းပြ ဘီယယ်လ်ဆာ အတွက်တော့ ကလပ်နည်းပြဘဝ ပွဲပေါင်း(၅၆၈)ပွဲမှာ ပထမဆုံးအကြိမ် (၇)ဂိုးပေးပြီး အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၄)မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာလည်းဖြစ်ပါတယ်။