ပရီးမီးယားလိဂ်ရဲ့ဘယ်နည်းပြထက် မဆို သာလွန်တဲ့ စွမ်းဆောင်ရည်ပြခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လိဒ်စ် အသင်းကို (၇)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် ဂွာဒီယိုလာ အနေနဲ့လည်း ပရီးမီးယားလိဂ် စံချိန်သစ် တခုကို ရယူသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဂာ ပရီးမီးယားလိဂ် သွင်းဂိုး(၅၀၀)ပြည့်တဲ့ အမြန်ဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ဂွာဒီယိုလာ ဟာ မန်စီးတီး အသင်းကို ပွဲပေါင်း(၂၀၇)ပွဲကိုင်တွယ်အပြီးမှာ လိဂ်သွင်းဂိုး(၅၀၀)ပြည့်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် နည်းပြ ကလောပ့် က (၂၃၄)ပွဲကိုင်တွယ်အပြီးမှ သွင်းဂိုး(၅၀၀)ပြည့်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဟောင်း ဖာဂူဆန် (၂၆၅)ပွဲကိုင်တွယ်အပြီးမှသာ သွင်းဂိုး(၅၀၀)ပြည့်မြောက်ခဲ့တာပါ။

မန်စီးတီး အသင်းဟာ ဒီပွဲမှာ လိဒ်စ် အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဟာ လိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ဒုတိယမြောက် အကြီးမားဆုံးလိဂ်ပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။အကြီးမားဆုံး နိုင်ပွဲကတော့ (၂၀၁၉) က ဝက်ဖိုဒ့်ကို (၈)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။

မန်စီးတီး အတွက်လည်း နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲတွေမှာ ရလဒ်ကောင်းတွေနဲ့အတူ (၇)ပွဲဆက် နိုင်ပွဲရခဲ့တာလည်းဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပြီး ဒုတိယနေရာက လီဗာပူးလ် ထက် (၁)ပွဲပိုကစားထားကာ (၄)မှတ်အသာရနေတာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အခုလာမယ့် အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။