ချဲလ်ဆီး နောက်ခံလူကို အလကားဝိုက်ဖို့ ရုပ်တည်ကြီးနဲ့ ရောက်ချလာတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ချဲလ်ဆီး နောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာပြီလို့ သိရပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေတဲ့ ကစားသမားပါ။

ဒီကစားသမားကို စာချုပ်သစ်ချုပ်ဖို့ ချဲလ်ဆီးတို့ ကြိုးစားနေပေမယ့် အသက် (၂၈) နှစ်အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်ကလည်း ကြိုးစားနေပါတယ်။

ချဲလ်ဆီးဟာ သူတို့ရဲ့ အဓိကနောက်ခံလူကြီးအတွက် တပတ်လုပ်ခ ပေါင် (၁) သိန်း (၄) သောင်း နဲ့ စာချုပ်သစ် ကမ်းလှမ်းထားတာဖြစ်ပေမယ့် ရူဒီဂါကိုယ်တိုင်က ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်အားထက်သန်နေပုံရပါတယ်။

ရူဒီဂါကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပြီး အခုချိန်မှာတော့ ယူနိုက်တက်ကပါ ရူဒီဂါကို စိတ်ဝင်စားလာပြီလို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက ပြောပါတယ်။

ယူနိုက်တက်ဟာ ဗဟိုနောက်ခံလူနေရာအတွက် လိုအပ်ချက်ရှိနေပြီး လင်ဒီလော့ဖ်ရဲ့ နှလုံး အနေအထားကြောင့်လည်း နောက်ထပ် ဗဟိုနောက်ခံလူတယောက် ထပ်ခေါ်ရဖွယ်ရှိနေတာပါ။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်တို့ ဗာရန်းကိုခေါ်ထားပေမယ့် မက်ဂွိုင်းရားနဲ့အဲရစ်ဘာယီတို့ ခြေမမှန်တာ၊ လင်ဒီလော့ဖ်ရဲ့ ကျန်းမာရေးအနေအထားတို့ကြောင့် အခုလိုပဲ ရူဒီဂါကို စိတ်ဝင်စားလာတာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ရူဒီဂါအနေနဲ့တော့ ချဲလ်ဆီးရဲ့ မဟာပြိုင်ဘက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေ နည်းပါးတဲ့ ကိစ္စလို့ သုံးသပ်နိုင်ပါတယ်။