ထိပ်သီးအသင်းတွေကို နိုင်ခဲ့သမျှ အာကြီးနဲ့ တွေမှ ဒူးထောက်အရှုံးပေးခဲ့ရတဲ့ ဝက်စ်ဟမ်း

အာဆင်နယ် အသင်းကတော့ ဒီမနက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်း အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို မာတင်နယ်လီနဲ့ စမစ်ရိုးလ် တို့က သွင်းယူခဲ့တာပါ။ဒီပွဲမှာ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် လာကာဇတ်တီ က တာဝန်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၇)မိနစ်မှာ ဝက်စ်ဟမ်း နောက်ခံလူ ကူဖဲလ် (၂)ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ဒီပြစ်ဒဏ်ကနေ ရရှိတဲ့ ပင်နယ်တီကို လာကာဇတ်တီ ကန်သွင်းခဲ့ပေမယ့် ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ် အသင်းနစ်နာခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ် အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု(၂၁)ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု(၈)ကြိမ်အထိ ရှိခဲ့တာပါ။ဝက်စ်ဟမ်း ကတော့ ဂိုးပေါက်ကန်သွင်းမှု(၇)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၁)ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကလည်း ဆောက်သမ်တန် အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် (၂)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီပွဲအနိုင်ကြောင့် အဆင့်(၄)နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။

ဝက်စ်ဟမ်း ကတော့ ဒီပွဲအပါအဝင် ပရီးမီးယားလိဂ် (၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၅)နေရာကို ရောက်ရှိသွားခဲ့တာပါ။

အာဆင်နယ် အသင်းဟာ အခုအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဒ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။