ရော်နယ်ဒိုလိုပဲ ကမ္ဘာမြေဆွဲငင်အားကို ဆန့်ကျင်ပြီး ခေါင်းတိုက်ဂိုးသွင်းပြသွားခဲ့တဲ့ ဟာလန်း

ဟာလန်း ကတော့ ဂရုသာဖတ်ကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ရော်နယ်ဒိုလိုပဲ ကမ္ဘာ့မြေဆွဲငင်အား ကို ဆန့်ကျင်ပြီး အလွန်လှပတဲ့ ခေါင်းတိုက်ဂိုးကို သွင်းယူပြသွားခဲ့ပါတယ်။ဒီပွဲမှာ ဒေါ့မွန် အသင်းဟာ (၃)ဂိုး-ဂိုးမရှိ နဲ့ ဂရုသာဖတ် အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာတင် ဂရုသာဖတ် အသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန်(၈၂) မိနစ်မှာ ဘရန့််ဒ် ရဲ့ ပြစ်ဒဏ်ဘောကို လှပတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးထပ်သွင်းယူနိုင်ခဲ့တာပါ။

ဘရန့်ဒ် ဟာ ဂိုးဧရိယာထဲမှာ ရှိနေတဲ့ ဟာလန်းဆီကို အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ဘော တင်ပို့ခဲ့တာဖြစ်ပြီး ဟာလန်းကလည်း ဂရုသာဖတ် နောက်ခံလူတွေ လိုက်မထိန်းနိုင်တဲ့ အမြင့်အထိခုန်ပြီး ဂိုးညာဘက်အောက်ထဲကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တဦးက ဟာလန်းကို နော်ဝေလူသန်ကြီးလို့တင်စားခဲ့ပြီး နောက်တဦးက မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒေါ့မွန်ကို ချက်လတ်မှတ်အလွတ်ပေးလိုက်ပြီး သူတို့လိုချင်တာကို ပေးချေလိုက်ပါလို့ ဆိုခဲ့ပါတယ်။

ဒေါ့မွန်အတွက် နောက်ထပ်သွင်းဂိုးကို မာလန်းက သွင်းယူနိုင်ခဲ့တာပါ။ဒေါ့မွန် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ် အသင်းကို (၆)မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေခဲ့ပါတယ်။

အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၈)သန်းဟာ လာမယ့်နှစ်မှာ အသက်၀င်လာမှာဖြစ်တာကြောင့် ကစားသမား ဟာ လာမယ့်ရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၇၄)ပွဲကစားထားပြီး (၇၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။