ချန်ပီယံလိဂ်မှာတွေ့မယ့် ယူနိုက်တက်ကို အကောင်းတွေ ပြောနေတဲ့ ဆွာရက်ဇ်

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့မယ့် ယူနိုက်တက်နဲ့ ပတ်သက်လို့ အက်သလက်တီကို တိုက်စစ်မှူး ဆွာရက်ဇ်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အက်သလက်တီကိုတို့ဟာ ချန်ပီယံလိဂ်မဲခွဲပွဲအတွက် အဓိကသားကောင်တွေဖြစ်ခဲ့ရပြီး ဒုတိယအကြိမ် မဲခွဲမှုမှာတော့ အခုလိုပဲ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။

ရီးရဲယ်မက်ဒရစ်နဲ့ပီအက်စ်ဂျီထိပ်တိုက်တွေ့တဲ့ပွဲနဲ့အတူ ဒီပွဲကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးပွဲဖြစ်နေပါတယ်။

အဲ့ဒါကြောင့် ဆွာရက်ဇ်က “ဒုတိယအကြိမ် မဲခွဲပွဲကို ကျနော်တွေ့လိုက်ပါတယ်။ ချန်ပီယံလိဂ်လို ဖလားမျိုးကို ရချင်ရင် ခင်ဗျားက အကောင်းဆုံးအသင်းတွေကို အနိုင်ယူဖို့ လိုအပ်တာပေါ့”

“ယူနိုက်တက်ကလည်း အကောင်းဆုံး အသင်းတွေထဲက တသင်းပဲလေ။ ကျနော်တို့ကတော့ ရှုံးထွက် (၁၆) သင်းအဆင့်အတွက် တတ်နိုင်သလောက် အကောင်းဆုံးပုံစံပြသသွားမှာပါ” လို့ ပြောကြားလိုက်ပါတယ်။

ပထမအကြိမ် မဲခွဲမှုမှာ အက်သလက်တီကိုက ဘိုင်ယန်မြူးနစ်၊ ယူနိုက်တက်က ပီအက်စ်ဂျီတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက သူတို့အတွက် အရင်အသင်းတွေထက် နည်းနည်းလေး ပိုလွယ်တယ်လို့ ဆိုရမှာပါ။

အက်သလက်တီကိုဟာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့တိုင်း အိပ်မက်ဆိုး မက်နေရတဲ့ အသင်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အက်သလက်တီကိုဘက်ကို ဟက်ထရစ် (၄) ကြိမ် အထိ သွင်းယူခဲ့ဖူးပြီး ဒီ (၄) ကြိမ်ကလွဲလို့ (၁၀) စုနှစ်တခုအတွင်း အက်သလက်တီကိုကို အခြား ကစားသမားတွေက ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။