ဟာလန်းနဲ့ ဘတ်ပီတို့(၂)ဦးလုံးကို ခေါ်ဖို့ ပီရတ်ဇ်ကို ပြောခဲ့တဲ့ ဟူဂိုဆန်းချက်စ်

ရီးရယ်လ် အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဘတ်ပီ ကို ခေါ်ယူဖို့ ကြိုးစားနေသလို ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကလည်း သူတို့ရဲ့ ပစ်မှတ်ကစားသမားတွေထဲမှာ ပါ၀င်နေတာဖြစ်ပါတယ်။

ဟူဂိုဆန်းချက်စ် ကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရီးရယ်လ် ဥက္ကဌ ပီရတ်ဇ် နဲ့ စကားပြောဆိုခဲ့ပြီး ကစားသမား(၂)ဦးလုံးကို ခေါ်ယူဖို့အတွက် ကလပ်ဥက္ကဌ ကို အကြံပေးခဲ့တာဖြစ်ပါတယ်။ဘတ်ပီနဲ့ ဟာလန်း တို့ဟာ ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေခဲ့တာပါ။

ဟူဂိုဆန်းချက်စ် က “ကျွန်တော်ဟာ ဥက္ကဌနဲ့ စကားပြောဆိုခွင့်ရခဲ့ပြီး သူက တူညီတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ ဒီကစားသမားတွေက မက်ဒရစ်အတွက် ဘယ်လိုထင်လဲဆိုပြီးတော့ပေါ့။ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။မက်ဒရစ် ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကို ပိုင်ဆိုင်ခဲ့တယ်။(၂)ဦးလုံးလာရတာ အဆင်ပြေမယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းနဲ့ ဘတ်ပီ တို့ ဟာ လက်ရှိဥရာပဘောလုံးလောကမှာ ပြိုင်ဘက်အသင်းတွေအတွက် ကြောက်လန့်စရာ ကောင်းတဲ့ တိုက်စစ်မှူးတွေအဖြစ် ရှိနေတာလည်းဖြစ်ပါတယ်။သူတို့တွေဟာ ပြီးခဲ့တဲ့ ရာသီ အနည်းငယ်အတွင်းမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုးအများအပြားသွင်းယူခဲ့ကြတာပါ။


ဟူဂိုဆန်းချက်စ် က ဘတ်ပီ ဟာ သူ့ရဲ့ပြင်သစ်လက်ရွေးစင်အသင်းဖော် ဘန်ဇီမာ နဲ့ ပုံစံချင်းတူပြီး ဟာလန်း ကတော့ ရော်နယ်ဒိုနဲ့ ပုံစံချင်းတူတယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဟူဂိုဆန်းချက်စ် က “သူတို့(၂)ဦးက ကွဲပြားခြားနားပါတယ်။ဟာလန်းက တိုက်စစ်မှူးဖြစ်ပြီး ဘတ်ပီ ကတော့ ကစားသမားအားလုံးကို လှည့်စားနိုင်ပါတယ်။ဘတ်ပီဟာ ဘန်ဇီမာလိုပါပဲ။ငယ်ရွယ်ပြီး ပင်ကိုပါရမီရှိပေမယ့် ပုံစံချင်းဆင်တူပါတယ်”

“ဟာလန်း ကတော့ ရော်နယ်ဒိုနဲ့ ဆင်တူပါတယ်။သူဟာ စံနှုန်းတခုရှိပြီး မက်ဒရစ်မှာ ဒီလိုကစား သမားမျိုးလိုအပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။လာလီဂါ ဥက္ကဌ တီဘတ်စ် ကတော့ ရီးရယ်လ် အသင်းဟာ ဘတ်ပီနဲ့ ဟာလန်း တို့(၂)ဥိးလုံးကို ခေါ်ယူနိုင်ဖို့အတွက် ငွေကြေးအလုံအလောက်ရှိတယ်လို့ ပြောထားတာဖြစ်ပါတယ်။