အဆုံးသတ် အားနည်းမှုတွေကြောင့် အဲဗာတန် နဲ့ သရေကျပြီး ရမှတ်တွေဆုံးရှုံးနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဲဗာတန် အသင်းနဲ့ တဖက်တဂိုးစီ သရေကျသွားခဲ့ပါတယ်။

မေဆန်မောင့် က ပွဲချိန် မိနစ်(၇၀)မှာ ချယ်လ်ဆီး အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် (၇၄)မိနစ်မှာ ဘရန်ဝိတ် က အဲဗာတန် အတွက် ချေပဂိုးပြန်လည်သွင်းယူသွားခဲ့တာပါ။အဲ့ဒါကြောင့် ချယ်လ်ဆီး အသင်းဟာ သရေကျပြီး ရမှတ်တွေဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူ၊တီမိုဝါနာနဲ့ အိုဒွိုင်း တို့ ကိုဗစ်ကူးစက်ခံနေရလို့ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တာပါ။ဒါပေမယ့် ချယ်လ်ဆီး အသင်းဟာ ဒီပွဲမှာ အဲဗာတန် အသင်းကို ဘောလုံးပိုင်ဆိုင်မှု(၈၀)ရာခိုင်နှုန်း ရှိတဲ့အထိ ဖိကစားခဲ့တာဖြစ်ပါတယ်။

LONDON, ENGLAND – DECEMBER 16: Mason Mount of Chelsea celebrates after scoring their side’s first goal with team mates during the Premier League match between Chelsea and Everton at Stamford Bridge on December 16, 2021 in London, England. (Photo by Chris Lee – Chelsea FC/Chelsea FC via Getty Images)

ချယ်လ်ဆီး အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု(၂၃)ကြိမ် ဂိုးပေါက်တည့်မှု(၁၀)ကြိမ်အထိ ရှိခဲ့ပေမယ့် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဗာတန် အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု(၅)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၃)ကြိမ်မှာ (၁)ဂိုးရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ အခုနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ခံစစ်ပိုင်းဟာ သိသိသာသာအားနည်းလာခဲ့တာဖြစ်ပြီး ပွဲတိုင်းနီးပါး ဂိုးပေးလာရတာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီရလဒ်ကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၄)မှတ်ကွာဟသွားခဲ့ပြီး အဆင့်(၃)နေရာမှာ ရပ်တည်နေတာပါ။ဒုတိယနေရာက လီဗာပူးလ် နဲ့(၃)မှတ်ကွာဟ နေတာဖြစ်ပါတယ်။

Huh

ချယ်လ်ဆီး အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ် အသင်း အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။