အဲဗာတန်နဲ့ ပွဲအပြီးမှာ ပရိသတ်တွေရဲ့ ပိုဆိုးပတ်ဆက် ဝေဖန်ခြင်းခံခဲ့ရတဲ့ ချယ်လ်ဆီး ကြယ်ပွင့်

ချယ်လ်ဆီး ပရိသတ်တွေဟာ အဲဗာတန် နဲ့ တဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန် အသင်းဘက်ကို ပေးခဲ့ရတဲ့ ဂိုးမှာ ပါဝင်ခဲ့တဲ့ ဆောလ်နီဂွတ်စ် ကို မညာမတာပြစ်တင်ဝေဖန်လိုက်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ မေဆန်မောင့်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆောလ်နီဂွတ်စ် ရဲ့ရှင်းထုတ်ဖို့ မသေသပ်မှုကြောင့် ဘရန်ဝိတ်က အဲဗာတန် အတွက် ချေပဂိုးသွင်းယူသွားခဲ့တာပါ။

ဆော်နီဂွတ်စ် ဟာ ဂေါ်ဒွန် တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာအတွင်းမှာ ခေါင်းတိုက်ရှင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဂိုးအရှေ့မှာ အသင့်ရှိနေတဲ့ ဘရန်ဝိတ် က ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး ပရိသတ်တွေကတော့ ဒီဂိုးမှာ ဆောလ်နီဂွတ်စ် ရဲ့အမှားအယွင်းမကင်းခဲ့တာကို အချိန်မဆိုင်းဘဲ အွန်လိုင်းပေါ်မှာ ပိုဆိုးပတ်စက် ဝေဖန်သွားခဲ့တာပါ။စပိန်ကစားသမားဟာ အသလက်တီကို အသင်းကနေ အငှားလာရောက်ကစားနေတာဖြစ်ပါတယ်။

ပရိသတ်တဦးက “ဆော်နီဂွတ်စ် ဟာ လိဂ်တခုလုံးရဲ့အဆိုးရွားဆုံးကစားသမားဖြစ်နိုင်တယ်ဆိုတာ အမှန်ပါပဲ”လို့ ရေးခဲ့ပါတယ်။နောက်ထပ်တဦးက “ဆောလ် ကို အငှားနဲ့ ခေါ်ခဲ့တာက ချန်ပီယံဆုအတွက် ကျွန်တော်တို့ပေးဆပ်ဖို့ အတွက်လား စိတ်ပျက်မိတယ်လို့”ရေးခဲ့ပါတယ်။

နောက်ထပ်တဦးကတော့ “အချိန်မှာ ဆောလ်အကြောင်းပြောနေတာတောင် အနှောက်အယှက်ဖြစ်မိပါ၊သူဒီကိုရောက်နေပုံနဲ့ မိနစ်တွေကြာလာတာနဲ့အမျှ ရယ်စရာကောင်းပါတယ်လို့” ရေးသားခဲ့တာဖြစ်ပါတယ်။

ဆောလ်နီဂွတ်စ် ဟာ ချယ်လ်ဆီး အသင်းကို ရောက်လာပြီးတည်းက ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပွဲကစားခွင့်လည်း အနည်းအငယ်သာ ရရှိထားတာဖြစ်ပါတယ်။