ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၂၀၀၀ ပြည့် ပထမဆုံး အင်္ဂလိပ်အသင်းဖြစ်လာတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နယူးကာဆယ် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး စံချိန်သစ်တခုကို တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရှယ်လ်ဗေးက နယူးကာဆယ် အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။လီဗာပူးလ် အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဂျိုတာ၊ဆာလတ်နဲ့ အာနိုးလ် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ(၂၀၀၀)ပြည့်တဲ့ ပထမဆုံးအင်္ဂလိပ်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ‌ဆာလတ် ဟာလည်း ဒီရာသီ အသင်းရရှိခဲ့တဲ့ ပရီးမီးယားလိဂ် (၂၅)ဂိုးမှာ ပါဝင်ပတ်သက်ခဲ့တာပါ။‌ဆာလတ် ဟာ (၁၅)ဂိုးသွင်းပြီး (၉)ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလတ် ဟာ လက်စတာ အသင်းတိုက်စစ်မှူး ဗာဒီ ရဲ့ပရီးမီးယားလိဂ် စံချိန်တခုနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။ဆာလတ် ပရီးမီးယားလိဂ် (၁၅)ပွဲဆက်တိုက် ဂိုးသွင်းတာ ဒါမှမဟုတ် ဂိုးဖန်တီးမှုမှာ ပါဝင်ခဲ့တာကြောင့် ဗာဒီ ရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့တာပါ။

လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို (၁)မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ အခုအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ကိုဗစ်ဒဏ်ကြောင့် ပွဲအများအပြားကို ရွှေ့ဆိုင်းနေရတဲ့ စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။