ထပ်မွေးမယ့် ရင်သွေးလေးတွေက သားသားလား၊ မီးမီးလား ပြောပြလိုက်တဲ့ ရော်နယ်ဒိုတို့စုံတွဲ

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ နောက်ထပ် အမြွှာရင်သွေးလေးတွေကို ပိုင်ဆိုင်ရတော့မှာဖြစ်ပြီး အခု နောက်ဆုံးဆေးစစ်မှုတွေအရ ယောက်ျားလေးတယောက်၊ မိန်းကလေးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကိုတော့ သူတို့စုံတွဲကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီး ဂျော်ဂျီနာရဲ့ ကိုယ်ဝန်ဆောင်ကာလကလည်း (၅) လ ကြာမြင့်လာခဲ့ပါပြီ။

ရော်နယ်ဒိုဟာ သားနှစ်ယောက်၊ သမီးနှစ်ယောက် ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုနောက်ထပ်လည်း သားတယောက်၊ သမီးတယောက် ထပ်မွေးမှာကြောင့် ရင်သွေး (၆) ယောက်မှာ (၃) ယောက်စီ ညီတူညီမျှ ရှိနေတာပါ။

အခု အကြောင်းအရာအတွက်လည်း ရော်နယ်ဒိုရဲ့ ရင်သွေး (၄) ယောက်က ကြိုတင်အောင်ပွဲခံခဲ့ပြီး သား နှစ်ယောက်က “ဒါ ယောက်ျားလေးပဲ” လို့ အော်ဟစ်ခဲ့သလို သမီးနှစ်ယောက်ကလည်း “ဒါ မိန်းကလေးပဲ” လို့ ပျော်ရွှင်စွာ အော်ဟစ်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ ဂျော်ဂျီနာရော၊ ဗိုက်ထဲက ရင်သွေးနှစ်ယောက်လုံးရော ကျန်းမာရေး ကောင်းမွန်နေတယ်လို့လည်း သိရှိရပါတယ်။

ဂျော်ဂျီနာအနေနဲ့ လာမယ့် ဧပြီဝန်းကျင်မှာ မီးဖွားဖွယ်ရှိပြီး ဘောလုံးရာသီတခု ပြီးဆုံးဖို့ နီးကပ်ချိန်မှာ ရော်နယ်ဒိုအတွက် ကြည်နူးစရာတွေ ဖန်တီးပေးနိုင်ဦးမှာပါ။

ရော်နယ်ဒိုဟာ သားဦး ဂျူနီယာကို အမည်မဖော်ပြလိုတဲ့ အမျိုးသမီးတယောက်နဲ့ ရရှိခဲ့တာဖြစ်ပြီး ကျန် (၃) ယောက်ကိုတော့ ဂျော်ဂျီနာနဲ့ ရရှိထားတာပါ။ အဲ့ဒါကြောင့် အခု အမြွှာလေးတွေ မွေးပြီးရင်တော့ ဂျော်ဂျီနာနဲ့ ရရှိတဲ့ရင်သွေးက (၅) ယောက်အထိ ရှိလာမှာဖြစ်ပါတယ်။