ပီအက်စ်ဂျီ ဥက္ကဌ နဲ့ ရင်းနှီးတဲ့ သတင်းစာရဲ့ပစ်မှတ်ထား ဝေဖန်ခံရလို့ စိတ်ပျက်နေတဲ့ မက်‌ဆီ

ပီအက်စ်ဂျီ စူပါစတားဖြစ်တဲ့ မက်ဆီ ဟာ ပွဲအပြီးမှာ ပြင်သစ်သတင်းစာ Le Parisien က သူ့ကိုတစိုက်မတ်မတ် ဝေဖန်တဲ့ ပုံစံကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။Le Parisien သတင်းစာက ပွဲအပြီးမှာ သူ့ကို အမြဲတမ်း ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလပ်နေတာဖြစ်ပါတယ်။

Le Parisien သတင်းဟာ ပီအက်စ်ဂျီ နဲ့ သီးသန့်အင်တာဗျုးတွေ အများအပြားပြုလုပ်ခဲ့ပြီး မက်ဆီကို ခေါ်ယူခဲ့တဲ့ သတင်းတွေကို ပထမဆုံးထုတ်ဖော်ခဲ့တာပါ။ပြင်သစ် သတင်းစာဟာ မကြာသေးခင်က မက်ဆီ ကို ဝေဖန်မှုဟာ ပိုပြိး ထင်ရှားလာခဲ့တာဖြစ်ပါတယ်။

Le Parisien ဟာ မကြာသေးခင်က မက်ဆီ ရဲ့ စွမ်းဆောင်ရည်ညံဖျင်းပုံတွေကို အဆင့်သတ်မှတ်ခဲ့တာဖြစ်ပြီး အယ်လ်နေစီယွန်နယ်ရဲ့ ဖော်ပြချက်မှာတော့ မက်ဆီ ဟာ ဒီလိုအဆင့်သတ်မှတ်ချက်တွေကို လက်တွေ့ကျတယ်လို့ မထင်တားပါ။

ပြင်သစ်သတင်းစာရဲ့ အဆင့်သတ်မှတ်ချက်ဟာ ပီင်္အက်စ်ဂျီ ပရိသတ်တွေကြားမှာ သူ့ရဲ့ ကျော်ကြားမှုကို ထိခိုက်စေတာကြောင့် မက်ဆီ ဟာ မပျော်မရွှင်ဖြစ်နေတာလို့ သတင်းမှာ ဆိုထားပါတယ်။ပီအက်စ်ဂျိီ အသင်းဟာ မိုနာကို ကို အနိုင်ရတဲ့ ပွဲမှာ မက်ဆီ က (၁)ဂိုးဖန်တီးခဲ့တာဖြစ်ပါတယ်။

Le Parisien ဟာ မက်ဆီ ကို Rating ၁၀ ထဲက (၄ ဒသမ ၅)သာ ပေးခဲ့တာပါ။အဆိုပါ သတင်းစာ ကတော့ မက်ဆီရဲ့ စွမ်းဆောင်ရည် ညံဖျင်းပုံကို ရှင်းပြထားတာဖြစ်ပါတယ်။

“ဘောလွန်းဒီအော(၇)ကြိမ်ရတဲ့သူဆီကနေ ပိုမိုတိကျမှုကို ကျွန်တော်တို့မျှော်လင့်ထားတာပါ။သူဟာ လွယ်ကူတဲ့ ပေးပို့မှုတွေကိုတောင် လွဲချော်နေပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Soccer Football – Lionel Messi Press Conference after signing for Paris St Germain – Parc des Princes, Paris, France – August 11, 2021 Paris St Germain’s Lionel Messi and president Nasser Al-Khelaifi during the press conference REUTERS/Sarah Meyssonnier

မက်ဆီ ဟာ ဘာစီလိုနာ မှာ သတင်းစာတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပေမယ့် ဒီမှာတော့ အသင်းပိုင်ရှင်နဲ့ ရင်းနှီးတဲ့ သတင်းစာရဲ့ဝေဖန်မှုကို ခံနေရလို့ စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။