ယူနိုက်တက်နဲ့ အာဆင််နယ် တို့ရဲ့ ပစ်မှတ်ကို ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူဖို့ ပြင်နေတဲ့ နယူးကာဆယ်

နယူးကာဆယ် အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဗလာဟိုဗစ် ကို သူတို့ထက် လက်ဦးမှုရရှိအောင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နယူးကာဆယ် အသင်းဟာ ဗလာဟိုဗစ် ကို ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။နယူး ကာဆယ် အသင်းဟာ ဆားဘီးယား တိုက်စစ်မှူး ကို ကမ်းလှမ်းဖို့ ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် နွေရာသီ အပြောင်း အရွှေ့မှာ ဖြစ်မလားဆိုတာတော့ သေသေချာချာ မသိရသေးတာလည်းဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ လက်ရှိအချိန်မှာ ရမှတ်(၁၀)မှတ်သာ ရရှိထားပြီး တန်းဆင်းဇုန် အဆင့်(၁၉) နရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။အသင်းဟာ ဒီရာသီမှာ ရဂိုး(၁၈)ဂိုးသာရရှိထားတာပါ။အဲ့ဒါကြောင့် တန်းဆင်းဇုန်က လွတ်ဖို့ဆိုရင် ဝ်ီလ်ဆင်နဲ့ တွဲဖက်ပြီး ဂိုးသွင်းမယ့် တိုက်စစ်မှူး ကောင်းလိုအပ်နေ တာဖြစ်ပါတယ်။

ဗလာဟိုဗစ် ကို နယူးကာဆယ် အသင်းက ကမ်းးလှမ်းမယ့် ကောလဟာလ သတင်းတွေဟာ သူ့ကိ်ု လိုချင်နေတဲ့ မန်ချက်စတာယူနိုက်တက်၊အာဆင်နယ် အသင်းတို့ အတွက် အချက်ပေးသံ ဖြစ်ပေါ်လာဖို့ ရှိနေတာပါ။

ဖီအိုရင်တီးနား တိုက်စစ်မှူး ကို ခေါ်ယူဖို့ မကြာသေးခင်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းမှာ ရော်နယ်ဒို ဟာ အဓ်ိက တိုက်စစ်မှူးအဖြစ် ကစားနေတာဖြစ်ပြီး (၁၃)ဂိုးသွင်းယူထားပါတယ်။

အာဆင်နယ် အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇတ်တီ ဟာ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး အူဘာမီယန်းကလည်း စည်းကမ်းပိုင်း အားနည်းလို့ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံထားရတာပါ။အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။

ဗလာဟိုဗစ် ကလည်း ဖီအိုရင်တီးနား နဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတာကြောင့် အီတလီ ကလပ်က ရောင်းချချင်နေတာပါ။ဗလာဟိုဗစ် ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အတွက် (၁၈)ပွဲကစားထားပြီး (၁၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။