ယူနိုက်တက် ပွဲဦးထွက်မှာ ရော်နယ်ဒို ကြုံတွေ့ခဲ့ရတဲ့ ပြဿနာကြီးကို ဖွင့်ဟခဲ့တဲ့ ဖာဂူဆန်

ရော်နယ်ဒို ရဲ့ပွဲဦးထွက်မှာ အလွန်အထင်ကြီးစရာကောင်းခဲ့တာက သူ့ကို ပြဿနာဖြစ်စေခဲ့တယ်လို့ ဆာအဲလက်စ်ဖာဂူဆန် က ဝန်ခံခဲ့ပါတယ်။ရော်နယ်ဒို ဟာ ခြေစမ်းပွဲတခုမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် (၁၈)နှစ်အရွယ် (၂၀၀၃) က စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက် က ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဘောလ်တန် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့‌တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နစ်ကီဘတ် ရဲ့နေရာမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ခဲ့တာပါ။

အဲ့ဒီပွဲမှာ ရော်နယ်ဒို ရဲ့စွမ်းဆောင်ရည်ကြောင့် ပရိသတ်တွေက သူ့ခြေစွမ်းကို ပိုမိုမြင်ချင်လာတာကြောင့် လာမယ့်ပွဲတွေမှာ အရန်ခုံထိုင်ခိုင်းဖို့ အငြင်းအခုံဖြစ်ခဲ့တယ်လို့ ဖာဂူဆန် က ပြောခဲ့ပါတယ်။ဖာဂူဆန် က “အခြားနိုင်ငံကနေ ရောက်လာတဲ့ (၁၈)နှစ်အရွယ်ကစားသမားကို ကျွန်တော်ခေါ်ယူဖူးတဲ့သူတွေထဲမှာ အသက်အငယ်ဆုံးလို့ထင်ပါတယ်”

“အဲ့ဒါကြောင့် ရော်နယ်ဒို နဲ့အတူ သူ့အမေလည်း ခဏလောက်နေခဲ့ရပါတယ်။အခြားနိုင်ငံတွေက လာတဲ့အချိန်မှာ မိသားစုရှိဖို့က အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။သူနဲ့ ပတ်သက်ပြီး အသင်းက တကယ်ကို ကောင်းမွန်စွာလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်”

“ကျွန်တော် သူ့အေးဂျင့်နဲ့ ဆွေးနွေးတဲ့အခါမှာ သူ့ကို ပွဲတိုင်းအသုံးပြုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ဒါပေမယ့် သူက အလွန်ကောင်းနေတော့ သူ့ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ခင်ဗျားအနေနဲ့ အမြဲတမ်း ခင်ဗျားရဲ့အကောင်းဆုံးကစားသမားတွေကို ကစားခိုင်းရမှာပါ”

“ရာသီအဖွင့်ပွဲမှာ သူကလူစားဝင်ကစားတယ်။အလွန်ကောင်းမွန်တဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့တယ်။ပရိသတ်တွေက သူ့ကို အလွန်သဘောကျသွားခဲ့တယ်။အဲ့ဒါကြောင့် ကျွန်တော်တို့မှာ အခြေအနေတခုရှိလာတယ်။သူ့ကို လာမယ့်ပွဲမှာ ကစားခိုင်းရမလား ဒါမှမဟုတ်အရန်ခုံပေါ်မှာပဲ ပြန်ထားရမလားဆိုပြီး ဖြစ်ခဲ့တယ်”

“အဲ့ဒါက တကယ်ကို ကြီးမားတဲ့ ပြသနာဖြစ်ခဲ့တယ်”လို့ ပြောခဲ့ပါတယ်။ရော်နယ်ဒို ဟာ (၂၀၀၉) က ရီးရယ်လ် ကို မပြောင်းခင် မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ချန်ပီယံလိဂ်(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာပြီး (၁၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။