ကစားသမားဘဝက အနားယူပြီးတာတောင် အဆင့်အတန်းကဘာလဲဆိုတာ ပြသွားပြန်တဲ့ အဂွေရို

ဘာစီလိုနာ တိုက်စစ်မှူး အဂွေရိုဟာ ကစားသမားဘဝကို စွန့်လွှတ်လိုက်ပြီလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးက တရားဝင်သင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာခဲ့ပါတယ်။

အဂွေရိုဟာ နှလုံးရောဂါကို ခံစားခဲ့ရပြီး ပြန်ကစားနိုင်ဖို့အတွက် နည်းမျိုးစုံ ကြိုးစားခဲ့ပေမယ့် ရောဂါ အခြေအနေက ထင်ထားတာထက် ပိုမို ဆိုးရွားခဲ့တာပါ။

အဲ့ဒါကြောင့် နောက်ဆုံးမှာတော့ အဂွေရို လက်လျှော့ခဲ့ရပြီး မျက်ရည်လည်ရွှဲနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကစားသမားဘဝကို နှုတ်ဆက်သွားခဲ့ပါတယ်။

အဂွေရိုဟာ ဘာစီလိုနာမှာ တပတ်လုပ်ခ ပေါင် (၁) သိန်းနဲ့ (၂) နှစ် စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ဒီအတွက် နောက်ဆုံး (၁) နှစ် စာချုပ်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

အဂွေရိုအနေနဲ့ မန်စီးတီးမှာရရှိခဲ့တဲ့ လုပ်ခလစာထက် (၇၅) ရာခိုင်နှုန်း လျော့နည်းရရှိတာဖြစ်ပြီး ဒီလိုမျိုး စာချုပ် (၁) နှစ် ဖျက်သိမ်းလိုက်တာကြောင့် ပေါင် (၅.၁) သန်း ဆုံးရှုံးခဲ့ရတာပါ။

ဒါပေမယ့်လည်း အဂွေရိုအနေနဲ့ လက်ရှိရာသီအတွက် ချုပ်ဆိုထားတဲ့ စာချုပ်အတွက်တော့ လစာရရှိနေဦးမယ်လို့ သိရှိရပါတယ်။

အဂွေရိုရဲ့ နှုတ်ဆက်ပွဲကို ဘာစီလိုနာ နည်းပြ ဇာဗီ၊ ဥက္ကဌ လာပေါ်တာတို့ တက်ရောက်ခဲ့သလို အဂွေရိုနဲ့ မန်စီးတီးမှာ ကာလရှည် လက်တွဲခဲ့တဲ့ နည်းပြ ဂွါဒီယိုလာလည်း ဘာစီလိုနာမြို့အထိ အရောက်လာကာ ပွဲတက်ရောက်ခဲ့ပါတယ်။