လိဒ်စ် နဲ့ ပွဲက အာဆင်နယ်တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျုးခဲ့တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လိဒ်စ် အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။အာဆင်နယ် အတွက် ဂိုးတွေကို မာတင်နယ်လီ က (၂)ဂိုး၊ဆာကာနဲ့ စမစ်ရိုးလ် တို့က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။

LEEDS, ENGLAND – DECEMBER 18: Gabriel Martinelli of Arsenal celebrates with Ben White after scoring their team’s second goal during the Premier League match between Leeds United and Arsenal at Elland Road on December 18, 2021 in Leeds, England. (Photo by Naomi Baker/Getty Images)

အာဆင်နယ် အသင်းဟာ ဒီပွဲအပါအ၀င် နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်(၃)ပွဲလုံးအနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၄)နေရာကို တက်လှမ်းလာနိုင်ခဲ့တာပါ။အာတီတာ က “တကယ့်ကို ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ပေမယ့် စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကြောင့် တကယ်ကို အပေါင်းလက္ခဏာဆောင် ခဲ့ပါတယ်။ဒီနေ့ပျော်ရွှင်ရပါမယ်”

“သူတို့ဟာ ဒီလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်တဲ့ အသင်းနဲ့ ကစားခဲ့ရလို့ အဆင်သင့်ဖြစ်နေရပါမယ်။လူငယ် ကစားသမားတွေဟာ သင်ယူမှုတွေရှိနေပြီး ပွဲတွေမှာ ခြားနားမှုတွေလုပ်ဆောင်နေပါတယ်။စီနီယာ ကစားသမား တွေကလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်”

“ဒါက မာတင်နယ်လ်ီ လုပ်နိုင်ခဲ့တာဖြစ်ပြီး သူဟာ ရင့်ကျက်မှုအဆင့်ကို ရရှိနေပြီဖြစ်ပါတယ်။သူဟာ သင်ယူလိုစိတ် အလွန်ကောင်းမွန်ပြီး သူ့ဘ၀ရဲ့ ဝါသနာက ဘောလုံးပါပဲ။ဒါကို ကွင်းထဲမှာ မြင်နိုင်ပါတယ်”

“စမစ်ရိုးလ်ကလည်း လိဂ်ပြိုင်ပွဲမှာ (၇)ဂိုးသွင်းယူထားတာဖြစ်ပြီး ဒါကလည်း မှတ်သားဖွယ်ကောင်းတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ကျွန်တော်တို့က သူ့ကို ပွဲမှာ ထည့်သွင်းချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် အာတီတာ က အသင်းခေါင်းဆောင် လာကာဇတ်တီရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျုးသွားခဲ့ပါတယ်။

အာတီတာက “သူ့မှာ ကြီးမားတဲ့ အရည်အချင်းရှိပြီး သူ့နားမှာရှိတဲ့ ကစားသမားတွေကို ပိုကောင်းမွန်အောင် လုပ်ပေးပါတယ်”လို့ပြောခဲ့တာပါ။စပိန်လူမျိုးနည်းပြက သူတို့အသင်းဟာ နိုင်ပွဲ(၃)ပွဲနဲ့ ထိုက်တန်တယ်လို့ ပျော်ခဲ့ပြီး ဒါကို အလွန်ကျေနပ်တယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကြားရက်မှာ ဆန်းဒါးလန်းနဲ့ ကာရာဘောင်းဖလား ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် အပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော၀စ်ခ်ျ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။