ယူနိုက်တက်မှာ ကစားမလား ကစားသမားဘ၀က အနားယူမလားဆ်ိုတဲ့ မေးခွန်းကို တုံ့ပြန်ခဲ့တဲ့ အာနိုးလ်

လီဗာပူးလ် နောက်ခံလူ အာနိုးလ် ကတော့ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး နယူးကာဆယ် ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာဆိုရင် လှပတဲ့ အပြင်းကန်ချက်နဲ့ ဂိုးတဂိုးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာနိုးလ် ကတော့ Sky Sports နဲ့ အမေးအဖြေကဏ္ဍကို ပြုလုပ်သွားခဲ့ပြီး ဒီအစီအစဉ်ဟာ (၃)မိနစ်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။အာနိုးလ် ဟာ ဒီမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းကို မုန်းတီး နေတယ်ဆိုတာက်ို ပြသသွားခဲ့တာပါ။

အဆိုပါမေးခွန်းတွေထဲက တခုကတော့ မင်းအနေနဲ့ ယူနိုက်တက်မှာ ကစားရတာ ပိုကောင်းမလား ဒါမှမဟုတ် အနားယူချင်လားလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် ကစားသမား ကတော့ ဒါကို အကြာကြီး မစဉ်းစားပဲ ဖြေသွားခဲ့ပါတယ်။

အာနိုးလ် က “ရိုးရိုးသားသားပဲ ပြောရမယ်ဆိုရင် အနားယူလိုက်မှာပါ။ကျွန်တော်ဒီလိုမျိုးတော့ မလုပ်နိုင်ပါဘူး”လို့ ဘာမှတွေးတောမနေဘဲ ပြောခဲ့တာဖြစ်ပါတယ်။

ဂျရတ်နဲ့ ကာရေဂါမှာ ဘယ်သူနဲ့ ပိုတွဲကစားရမှာ ကြိုက်နှစ်သက်လဲဆိုတဲ့ မေးခွန်းကို အာနိုးလ် က “ဂျရတ်ပေါ့၊ ဒါကို ကာရေဂါလည်း နားလည်မယ်ထင်ပါတယ်။သူ့ကိုလည်း ဒီိလိုမေးခဲ့မယ်ဆိုရင် သူလည်း ဂျရတ်လို့ ပြောကောင်းပြောနိုင်ပါတယ်”လို့ ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် မာဆေးဆိုဒ်ဒါဘီနဲ့ မန်ချက်စတာယူနိုက်တက် ဘယ်ပွဲကစားရတာ ပိုနှစ်သက်လဲဆိုတဲ့ မေးခွန်ကိုလည်း အာနိုးလ် က “ယူနိုက်တက်နဲ့က သမိုင်းကြောင်းအရ ပိုကြီးမားတဲ့ ပွဲပါ။ကျွန်တော် ပြောချင်တာက ယူနိုက်တက်နဲ့ပါပဲ ဒါကို လူတွေပိုကြည့်ကြတယ်”လို့ ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် အသင်းတို့ဟာ အင်္ဂလန်ဒါဘီလို့ တင်စားပြီး ခေါ်ဝေါ်တဲ့ အထိ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ပြီး ခါးသီးပြိုင်ဘက်အဖြစ် ရှိနေကြတာလည်းဖြစ်ပါတယ်။