ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျုဗီ ကစားသမား ၃ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျုဗင်တပ်စ် အသင်း ကစားသမား(၃)ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း(၁၆၀)နီးပါး အသုံးပြုပြီး ကစားသမား (၆)ဦး ခေါ်ယူခဲ့တာဖြစ်ပါတယ်။အခုအချိန်မှာလည်း အာဆင်နယ် ဟာ ဇန်နဝါရီ ဈေးကွက်ထဲကိုလည်း ဝင်ရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ကစားသမားဟောင်း ရမ်ဆေး အပါအဝင် ဂျုဗင်တပ်စ် အသင်းက အာသာ နဲ့ ကူလူဆက်ဗ်စကီး တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။

အာဆင်နယ် အသင်းဟာ ပါတေးနဲ့ အယ်လ်နီနီ တို့ကို အာဖရိကဖလား လက်လွှတ်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် အသင်းလူစာရင်းကို တောင့်တင်းအောင် ပြုလုပ်ဖို့ ရှိနေတာပါ။

ရမ်ဆေး ဟာ အာ‌ဆင်နယ် အသင်းကနေ ထွက်ခွာပြီးတည်းက ဂျုဗင်တပ်စ် အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ဒီရာသီမှာလည်း (၉၈)မိနစ်သာ ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ရမ်ဆေး ဟာ ဂျုဗင်တပ်စ် နဲ့ စာချုပ်ဖျက်သိမ်းပြီး အာဆင်နယ်ကို ပြန်လာဖို့ ရှိနေတာပါ။

အာသာ ကလည်း ဂျုဗင်တပ်စ် ကွင်းလယ်မှာ လိုကာတယ်လီ၊ဘန်တန်ကာ တို့ရဲ့နောက်မှာသာ ပွဲကစားခွင့်ရနေတာကြောင့် အသင်းက ထွက်ခွာချင်နေတာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ကူလူဆက်ဗ်စကီး ကို ခေါ်ယူဖို့ အတွက်လည်း ကစားသမားရဲ့အေးဂျင့်တွေနဲ့ စကားပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ရီနာတိုဆန်းချက်စ်၊ကလာဗတ်လီဝန် တို့အပါအဝင် ကစားသမားအချို့ကိုလည်း ချိတ်ဆက်မှုတွေရှိနေတာဖြစ်ပါတယ်။