၀ုလ်ဗ်စ် ကို သရေကျတာ ရှုံးနိမ့်သလိုပဲ ခံစားရတယ်ဆိုတဲ့ ရူဒီဂါ

ချယ်လ်ဆီး အသင်းနောက်ခံလူ ရူဒီဂါ က ဝုလ်ဗ်စ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မပျော်ရွှင်ဘူးလို့ ပြောလိုက်ပါတယ်။သရေရလဒ်ဟာ ရှုံးနိမ့်သလိုပဲ ခံစားရတယ်လို့လည်း ဂျာမနီလက်ရွေးစင်က ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ကိုဗစ်ကူးစက်မှုတွေခံစားနေရတာကြောင့် ဒီပွဲမှာ အဓိက ကစားသမားအချို့ မပါ၀င်ပဲ ပွဲလာကစားခဲ့ရတာဖြစ်ပါတယ်။လန်ဒန်ကလပ် ဟာ ကိုဗစ်ကြောင့် ပွဲရွှေ့ဆိုင်းဖိ်ု့ တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ် က ခွင့်မပြုခဲ့တာကြောင့် ပွဲကစားခဲ့ရတာလည်းဖြစ်ပါတယ်။

ရူဒီဂါ က “ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အခြေအနေကိုသိပါတယ်။ဒါပေမယ့် ဒီသရေရလဒ်က ရိုးရိုးသားသား ပြောရရင် ရှုံးနိမ့်သလ်ိုပဲ ခံစားရပါတယ်။အခြေအနေနဲ့ အရာအားလုံးက အရေးမကြီးပါဘူး။အခုတော့ အဆင်မပြေသလို ခံစားရပါတယ်”

“လက်ရှိအခြေအနေတွေကြောင့် ပြ်ိုင်ပွဲအတွက် ပြင်ဆင်ရတာ လွယ်ကူမှုမရှိဘူးဆိုတာ အသေအချာပါပဲ။ ကျွန်တော်တို့ အနိုင်ရဖို့ ဒီကိ်ုလာခဲ့တာပါ။ဂိုးသွင်းဖို့ အခွင့်အရေးတွေ ပိုရသင့်တယ်။ခင်ဗျားရဲ့ အခွင့်အရေး တွေ အကောင်းဆုံးအသုံးမချရင် အဝေးကွင်းမှာ အနိုင်ရဖို့ခက်ခဲပါတယ်”

“ပထမပိုင်းကတော့ ကျွန်တော်တို့ အတွက် အလွန်ခက်ခဲခဲ့ပါတယ်။သူတို့ဟာ အန္တရယ်မပေးနိုင်ပေမယ့် ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ အခွင့်အရေးမရခဲ့ပါဘူး။ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းမွန်ခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ပိုလုပ်ရမယ်၊ပိုစွန့်စားရမှာပေ့ါ။ဒီရမှတ်ကြောင့် အမှတ်ပေးဇယားကို ကြည့်ပြီးကျွန်တော်တို့ မပျော်နိုင်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီပွဲရလဒ်ကြောင့် မန်စီးတီး နဲ့ (၆)မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။