အာဆင်နယ် ကို ရောက်ပြီး ၃လအကြာမှာပဲ ပြန်ထွက်ခွာချင်ခဲ့တာလို့ ဝန်ခံခဲ့တဲ့ ဝီလျံ

ဝီလျံ ကတော့ အာဆင်နယ် ကို ရောက်ပြီး ၃လအကြာမှာပဲ အသင်းကနေ ပြန်ထွက်ခွာချင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။အကြောင်းရင်းကတော့ မြောက်လန်ဒန်မှာ မပျော်ရွှင်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ဝီလျံ ဟာ (၂၀၂၀) နွေရာသီက ချယ်လ်ဆီးကနေ ထွက်ခွာပြီးနောက် အာဆင်နယ် ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ် ကစားသမားဟာ အာဆင်နယ် နဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဝီလျံ ဟာ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ငယ်ဘဝကလပ် ကိုရင်သီယန် အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။

ဝီလျံက သူထွက်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ဖာဒီနန် ရဲ့Youtube channel ဖြစ်တဲ့ Five ကို ပြောခဲ့ရာမှာ “ကျွန်တော်မပျော်ရွှင်ဘူး၊အဲ့ဒါကြောင့်လည်း အကောင်းဆုံးမလုပ်နိုင်ခဲ့ပါဘူး။အသေးစိတ် ကို မပြောချင်ပေမယ့် ကျွန်တော်မပျော်ရွှင်ပါဘူး”

“ကျွန်တော် ဒီကို ရောက်တဲ့အချိန်မှာ ပျော်ရွှင်ခဲ့ပါတယ်။အစတည်းကလည်း စိတ်အားထက်သန်ခဲ့တယ်။အကောင်းမွန်ဆုံးလည်း လုပ်ချင်ခဲ့တယ်။အသင်းသစ်၊အသင်းဖော်အသစ်တွေနဲ့ ပရောဂျတ် အသစ်တွေကိုလည်း လုပ်ချင်ခဲ့ပါတယ်”

“(၃)လလောက်ကြာတော့ ကျွန်တော်အေးဂျင့် ကို ပြောလိုက်တယ် ကျေးဇူးပြုပြီး ဒီကနေထွက်သွားချင်တယ်ဆိုပြီးတော့ပေါ့။ကလပ်အသင်းအကြောင်း မကောင်းတာမပြောချင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ဒါက အသင်းကြီးတသင်း၊ဘောလုံးသမိုင်းကြောင်းလည်း ကြီးကြီးမားမားရှိပါတယ်”

“အသင်းကြီးတသင်းမဖြစ်ခင်မှာ နာမည်ကြီး ကစားသမားတွေ ဒီမှာကစားခဲ့ပါတယ်။ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ဒါဟာ ကျွန်တော့် ကစားသမားဘဝရဲ့အခက်အခဲဆုံးအချိန်ပါပဲ။
ပိုက်ဆံက ဘဝမှာ အရေးကြီးဆုံးအရာမဟုတ်ပါဘူး။ပျော်ရွှင်ဖို့၊ပျော်ရွှင်မှုတွေရဖို့နဲ့ နိုးထပြီးလေ့ကျင့်ရေးတွေလုပ်နိုင်ဖို့လိုပါတယ်”

LONDON, ENGLAND – NOVEMBER 29: Willian of Arsenal during the Premier League match between Arsenal and Wolverhampton Wanderers at Emirates Stadium on November 29, 2020 in London, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Julian Finney/Getty Images)

“ကျွန်တော့်မှာ အဲ့ဒါမရှိဘူး။အဲ့ဒါကြောင့် မိသားစု၊ဇနီးသည်နဲ့ ကိုယ့်ကိုယ်ကို ဒီမှာနေလို့မရဘူး၊ဒီမှာမပျော်ရွှင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။အဲ့ဒါကြောင့် အသင်းက ထွက်ဖို့ နည်းလမ်းရှာဖွေခဲ့ရပါတယ်။ကျွန်တော့်အတွက်တော့ ပိုက်ဆံကြောင့် မနေချင်တဲ့နေရတာက မမျှတဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။