လယ်သမားလိဂ်ရဲ့ တနှစ်တာအကောင်းဆုံး အသင်းမှာတောင် ဘောင်မဝင်တော့တဲ့ မက်ဆီ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ (၂၀၂၁-၂၂) ဘောလုံးရာသီအတွက် ပြင်သစ်လီဂူးရဲ့ တနှစ်တာအကောင်းဆုံး အသင်းမှာ မပါဝင်ခဲ့ပါဘူး။

ဒီ (၁၁) ယောက်ကိုတော့ Football Observatory က ရွေးချယ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီ ကစားသမား (၄) ယောက်အထိ ပါဝင်ခဲ့ပေမယ့် မက်ဆီကတော့ ချန်လှပ်ခံခဲ့ရတာပါ။

ပီအက်စ်ဂျီက နောက်ခံလူ ကမ်ပမ်ဘီ၊ ဟာကီမီနဲ့ ကွင်းလယ်လူ ဂွေယီ၊ တိုက်စစ်မှာ အမ်ဘာပေတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အခြားသော ကစားသမားတွေအဖြစ် ပါယက်၊ ဖိုဖာနာ၊ ကာမာရာ၊ ဖေဗရီ၊ အဂွါရက်၊ အိုမ်လင်းတို့အပြင် အာဆင်နယ်မှာ အပယ်ခံဖြစ်ခဲ့တဲ့ နောက်ခံလူ ဆာလီဘာလည်း ဒီ (၁၁) ယောက် စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ရောက်ရှိလာပြီးနောက်ပိုင်း ပြင်သစ်လီဂူးမှာ တဂိုးသာ သွင်းယူထားပြီး ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားပါတယ်။

ဒါပေမယ့် ဒီမှတ်တမ်းတွေက အသင်းဖော် အမ်ဘာပေကို မကျော်နိုင်ဘဲ နေမာကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် အခုလိုမျိုး ဒီ (၁၁) ယောက် စာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။