မော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲချင်နေတဲ့ကစားသမားရဲ့အစီအစဉ်ကို ပိတ်ပင်လိုက်တဲ့ ရက်ဂ်နစ်

ရက်ဂ်နစ် က ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ဒါလော့ဒ် ရဲ့ရပ်တန့်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရိုးမား အသင်းနည်းပြ မော်ရင်ဟို ဟာ အသင်းရဲ့လူစာရင်းတောင့်တင်းဖို့ အတွက် ဒါလောဒ့် ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

မော်ရင်ဟို ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန် (၂၀၁၈) မှာ ဒါလော့ဒ် ကို ပေါ်တို အသင်းဆီကနေ ခေါ်ယူခဲ့တာပါ။ရိုးမား အသင်း ဒါရိုက်တာ ပင်တို ဟာ ဒါလော့ဒ် ရဲ့အေးဂျင့်နဲ့ အဆက်အသွယ်ရှိပြီး ကစားသမားကို ခေါ်ဖို့ မူအရ သဘောတူညီခဲ့တယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ရက်ဂ်နစ် ဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ဒါလောဒ့်ရဲ့အစီအစဉ်ကို ‌သိသွားခဲ့ပြီး ဒီအပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာပါ။

ပေါ်တူဂီ ကစားသမားဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်က ဝမ်ဘစ်စကာ ရဲ့နောက်မှာသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ဒါပေမယ့် ရက်ဂ်နစ် ရောက်လာအပြီးမှာ ဒါလောဒ့် ဟာ ပရီးမီးယားလိဂ် (၂)ပွဲလုံး ပွဲစတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါလောဒ့် အနေနဲ့ ပုံစံကောင်းတွေ ဆက်လက်ပြနိုင်မယ်ဆိုရင် အသင်းရဲ့ပထမဦးစားပေး ညာနောက်ခံလူတောင်ဖြစ်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။အဲ့ဒါကြောင့် မော်ရင်ဟို ဟာ ခံစစ်ပိုင်း အားဖြည့်ဖို့ အတွက် အခြားကစားသမားတွေကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

ဒါလော့ဒ် အနေနဲ့ နည်းပြ ရက်ဂ်နစ် လက်ထက်မှာ ပုံမှန်ကစားခွင့်ရဖို့ မျှော်လင့်ရမှာလည်းဖြစ်ပါတယ်။ဒါလောဒ့် ဟာ နည်းပြ ရက်ဂ်နစ် နဲ့ ပတ်သက်ပြီး “လူတိုင်း အတူတူလက်တွဲလုပ်ရင် ကောင်းမွန်တဲ့ အလုပ်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ကျွန်တော်တို့ကလည်း သူ့ကို ကူညီမှာဖြစ်သလို သူကလည်း ကျွန်တော့်ကို ကူညီမှာပါ”

“သူဟာ ဘောလုံးကစားဖို့ အကြံဉာဏ်ကောင်းတွေနဲ့ မန်နေဂျာကောင်းတဦးဆိုတာ လှို့ဝှက်ချက်မရှိပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်း ဟာ ကို‌ဗစ်ကြောင့် ပွဲ(၂)ပွဲရွှေ့ဆိုင်းခဲ့ရပြီး လာမယ့် အပတ်မှာ ကစားမယ့် ပွဲမှာတော့ ပြန်လည်ယှဉ်ပြိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။