ရော်နယ်ဒိုက ယူနိုက်တက်မှာပဲ ဆက်ရှိတော့မယ်လို့ အဲရစ်တန်ဟတ်ပြောလာ

အဲရစ်တန်ဟတ်က ရော်နယ်ဒိုဟာ သူ့ရဲ့စိတ်ကူးကို ပြောင်းလဲလိုက်ပြီး ယူနိုက်တက်မှာပဲ ဆက်နေတော့မယ်လို့ ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းဆိုထားပြီး မိသားစုအကြောင်းပြချက်နဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်တွေကို မလိုက်ပါပဲ ပရီးမီးယားလိဂ်ပွဲစတင်ခါနီးမှ အသင်းနဲ့ ပူးပေါင်းခဲ့တာပါ။ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ယူနိုက်တက်အတွက် ပါဝင်ကစားခဲ့ပါတယ်။ ဘရန်ဖိုဒ့်နဲ့ပွဲမှာတော့ တိုက်စစ်မှူး မာရှယ်ဒဏ်ရာကြောင့် မပါဝင်မှာဖြစ်တဲ့အတွက် ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ …

ရော်နယ်ဒိုက ယူနိုက်တက်မှာပဲ ဆက်ရှိတော့မယ်လို့ အဲရစ်တန်ဟတ်ပြောလာ Read More

အချိန်တွေကို မဖြုန်းတီးချင်လို့ မန်စီးတီးက ထွက်ပြီး ချယ်လ်ဆီးကိုလာတာလို့ စတာလင် ပြော

စတာလင်က မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ အာမခံချက်ရှိတဲ့ ကစားသမားမဖြစ်တာကို လက်မခံချင်တာကြောင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာလို့ ပြောလိုက်ပါတယ်။ အီးတီဟတ်မှာ ၇ ရာသီကြာကစားခဲ့တဲ့ စတာလင်ဟာ မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်ဖလားကလွဲပြီး ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။စတာလင်ဟာ ပြီးခဲ့တဲ့ရာသီမှာ‌တော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ပွဲထွက်လူစာရင်းကနေ လျော့ကျလာခဲ့ပါတယ်။ အဲ့ဒါကြောင့် စတာလင်ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပွဲစတည်းက ပါဝင်ခဲ့တာပါ။ …

အချိန်တွေကို မဖြုန်းတီးချင်လို့ မန်စီးတီးက ထွက်ပြီး ချယ်လ်ဆီးကိုလာတာလို့ စတာလင် ပြော Read More

ယူနိုက်တက်အတွက်ဆို အလကားကစားပေးဖို့ အသင့်ရှိတယ်လို့ ချီချာရီတို ပြော

ယူနိုက်တက် ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ချီချာရီတို(ဟာနန်ဒက်စ်) ကတော့ အသင်းက အလိုရှိရင် အလကားတောင် ကစားပေးမှာလို့ ပြောလိုက်ပါတယ်။ ဖာဂူဆန်လက်ထက်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ကစားကာ လေဗာကူဆင်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဟာနန်ဒက်စ် က “ယူနိုက်တက်က ကျွန်တော့်ကို ဒီကိုလာမလားမေးရင် လာမယ်လို့ပဲပြောမိမှာပါ။အလကားတောင် ကစားပေးမှာပါ။ကျွန်တော်ဒါမျိုးလုပ်နိုင်တာ ခင်ဗျားတို့လည်း သိပါတယ်” “ကျွန်တော်ကစားနေတဲ့ …

ယူနိုက်တက်အတွက်ဆို အလကားကစားပေးဖို့ အသင့်ရှိတယ်လို့ ချီချာရီတို ပြော Read More

တိုက်စစ်မှူးမခေါ်နဲ့ သူရှိတယ်လို့ အဲရစ်တန်ဟတ်ကို သွင်းဂိုးတွေနဲ့ စကားပါးခဲ့တဲ့ အာမတ်

အာမတ်ကတော့ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပါဝင်ခွင့်ရဖို့ အတွက် ကြိုးစားမှုတွေကို ဆက်လက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အာမတ်ဟာ ၂၀၂၀ ဇန်နဝါရီက အတ္တလန္တာကနေ ပေါင် ၃၆ သန်းကျော်နဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တာပါ။ဒါပေမယ့် အာမတ်ဟာ ယူနိုက်တက်အတွက် ပွဲကစားခွင့်အနည်းငယ်ရထားပြီး ၂ နှစ်အတွင်း ၉ ပွဲသာကစားခဲ့ရပါတယ်။ အာမတ်ဟာ ပြီးခဲ့တဲ့ရာသီဝက်က ရိန်းဂျားစ်အသင်းထံ အငှားသွားကစားပြီး ခြေစွမ်းပြနိုင်ခဲ့သလို …

တိုက်စစ်မှူးမခေါ်နဲ့ သူရှိတယ်လို့ အဲရစ်တန်ဟတ်ကို သွင်းဂိုးတွေနဲ့ စကားပါးခဲ့တဲ့ အာမတ် Read More

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ဥမင်လိုဏ်ခေါင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရပ်ခဲ့တဲ့ မက်ဂွဲယား

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ဥမင်လိုဏ်ခေါင်းရဲ့ မှားယွင်းတဲ့ ဘက်မှာ ရပ်ခဲ့တာဖြစ်ပါတယ်။ မက်ဂွဲယားဟာ ဥမင်လိုဏ်ခေါင်းရဲ့ ညာဘက်အခြမ်းမှာ ရပ်ခဲ့တာဖြစ်ပြီး ကျန်တဲ့အသင်းဖော်တွေကလည်း သူရဲ့ အနောက်မှာ ရပ်ခဲ့ကြတာပါ။မက်ဂွဲယားဟာ အက်ရ်ှလေယန်းဆီကနေ အသင်းခေါင်းဆောင်ရယူပြီးကတည်းက ဘယ်ဘက်အခြမ်းမှာ ရပ်ပြီး ဦးဆောင်ကာ ထွက်ခဲ့ရတာကို အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီအစပွဲမှာ ဒီအစဉ်အလာကို မက်ဂွဲယားမေ့သွားခဲ့ပုံရတာပါ။ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ …

ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ဥမင်လိုဏ်ခေါင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရပ်ခဲ့တဲ့ မက်ဂွဲယား Read More

ဖရက်ဒ်နဲ့ တော်မီနေးကို မသုံးပဲ မာတီးနတ်စ်ကို ကွင်းလယ်မှာသုံးဖို့ ယူနိုက်တက်ကို ဖာဒီနန်ပြော

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ဖရက်ဒ်နဲ့ တော်မီနေးတို့ကို အသုံးမပြုပဲ ဗဟိုနောက်ခံလူ မာတီးနတ်စ်ကို ကွင်းလယ်မှာ အသုံးပြုဖို့ ကစားသမားဟောင်း ရီယိုဖာဒီနန်က ပြောလိုက်ပါတယ်။ ဘရိုက်တန်နဲ့ ပွဲမှာ အာဂျင်တီးနားကစားသမားဟာ ခံစစ်ပိုင်းမှာ အနည်းငယ်ရုန်းကန်ခဲ့ရပြီး ဝဲလ်ဘတ်ရဲ့ ပါဝါနဲ့ ကြံခိုင်မှုပိုင်းကို မယှဉ်နိုင်ခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ဒါပေမယ့် ဖရက်ဒ်နဲ့ တော်မီနေးတို့ရဲ့ စွမ်းဆောင်ရည်တွေကို လူတွေက ပိုပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ …

ဖရက်ဒ်နဲ့ တော်မီနေးကို မသုံးပဲ မာတီးနတ်စ်ကို ကွင်းလယ်မှာသုံးဖို့ ယူနိုက်တက်ကို ဖာဒီနန်ပြော Read More

ခါးသီးပြိုင်ဘက် လီဗာပူးလ် ငယ်မွေးခြံပေါက်ကိုမှ ခေါ်ယူလိုက်တဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ ဝုလ်ဗ်စ်အသင်းနောက်ခံလူ ကိုအာဒီကို အခုနှစ်ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဗာတန်အသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နောက်ခံလူတွေဖြစ်တဲ့ မီနာနဲ့ ဂေါ့ဖရေးတို့ဟာ ဒဏ်ရာရရှိသွားတာကြောင့် နောက်ခံလူခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းရဲ့ငယ်မွေးခြံပေါက်ကစားသမားဖြစ်တဲ့ ကိုအာဒီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ကိုအာဒီဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းရဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ကိုအာဒီက “ကျွန်တော့်ခေါ်ယူဖို့ စိတ်ဝင်စားကြောင်းကြားတာနဲ့ ချက်ချင်းဆိုသလို ဒီအသင်းရဲ့အစိတ်အပိုင်းဖြစ်ချင်ခဲ့တာပါ။အခုပြောင်းရွှေ့နိုင်ခဲ့လို့ …

ခါးသီးပြိုင်ဘက် လီဗာပူးလ် ငယ်မွေးခြံပေါက်ကိုမှ ခေါ်ယူလိုက်တဲ့ အဲဗာတန် Read More

ဆိုးရွားလှတဲ့ ကွင်းလယ်ပိုင်းအတွက် ဒီဂျောင်ကို မရမယ့်အတူ ရာဘီယော့ကို ခေါ်မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူဖို့ အဆင်‌မပြေတော့တာကြောင့် ရာဘီယော့ကို အံအားသင့်ဖွယ်ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ရာဘီယော့နဲ့ ဂျူဗင်တပ်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာကျန်ရှိတော့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူဖို့ မျှော်လင့်ချက်ကို မစွန့်လွတ်သေးပေမယ့် အပြောင်းအရွှေ့မပိတ်ခင် လိုအပ်တဲ့နေရာအတွက် အားဖြည့်ဖို့ ပြင်ဆင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီကစားသမားဟောင်းကို ခေါ်ယူဖို့ ဂျုဗင်တပ်စ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရခဲ့သလို …

ဆိုးရွားလှတဲ့ ကွင်းလယ်ပိုင်းအတွက် ဒီဂျောင်ကို မရမယ့်အတူ ရာဘီယော့ကို ခေါ်မယ့် ယူနိုက်တက် Read More

မက်ဖရက်ဒ်အတွဲကို ဆက်သုံး ယူနိုက်တက် ထိပ်ဆုံးရောက်မှာမဟုတ်ဘူးလို့ ရွိုင်ကိန်း ဝေဖန်

ယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ ဖရက်ဒ်နဲ့ တော်မီနေးတို့ကို ဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ပထမပိုင်းမှာတင် ဘရိုက်တန်အသင်းကို ၂ ဂိုးခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာ ဘရိုက်တန်ကစားသမားရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ချေပဂိုးရခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ ယူနိုက်တက်တို့ ဘရိုက်တန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ …

မက်ဖရက်ဒ်အတွဲကို ဆက်သုံး ယူနိုက်တက် ထိပ်ဆုံးရောက်မှာမဟုတ်ဘူးလို့ ရွိုင်ကိန်း ဝေဖန် Read More

လိုအပ်ချက်များစွာနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဘရိုက်တန်ကို အရေးနိမ့်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းနဲ့ ကစားခဲ့ရာ ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆန်နဲ့ မာတီးနတ်စ်တို့ကို အသုံးပြုခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ပွဲအစပိုင်းမှာ ဘရူနိုဖာနန်ဒက်စ် ဂိုးရနိုင်မယ့် ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဘရိုက်တန်အသင်းက ၂ …

လိုအပ်ချက်များစွာနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဘရိုက်တန်ကို အရေးနိမ့်တဲ့ ယူနိုက်တက် Read More