ယူနိုက်တက် အဝတ်လဲခန်းကနေ ဖယ်ထုတ်ခံရပြီဖြစ်တဲ့ ဖီးလ်ဂျုံးစ်

ယူနိုက်တက်မှာ ကာလရှည်ရှိနေခဲ့တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ ယူ-၂၃ ကစားသမားတွေရှိရာ အဝတ်လဲခန်းကိုသာ သွားရောက် သုံးစွဲနေရပြီလို့ သိရှိရပါတယ်။ ဒီကစားသမားဟာ ဖာဂူဆန်လက်ထက်တည်းကနေ အခု တန်ဟက်ခ်လက်ထက်အထိ ယူနိုက်တက်မှာရှိနေခဲ့တာပါ။ ဖီးလ်ဂျုံးစ်ဟာ အမြဲတမ်း ဒဏ်ရာရရှိနေခဲ့တဲ့ ကစားသမားဖြစ်သည့်တိုင် လက်ရှိအချိန်ထိ ယူနိုက်တက်မှာသာ ဆက်ရှိနေတာလည်းဖြစ်ပါတယ်။ ဒီကစားသမားဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာရင်လည်း အချိန်တိုတိုနဲ့ ချက်ချင်း ဒဏ်ရာပြန်ရသွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ရာသီကြိုခြေစမ်းခရီးစဥ်ကိုလည်း …

ယူနိုက်တက် အဝတ်လဲခန်းကနေ ဖယ်ထုတ်ခံရပြီဖြစ်တဲ့ ဖီးလ်ဂျုံးစ် Read More

ချဲလ်ဆီးဂိုးသမား မန်ဒီ ဒိုင်ဗင်ထိုးတယ်လို့ မိုယက်စ် ဒေါသတကြီး စွပ်စွဲ

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ချဲလ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက် ဂိုးသမား မန်ဒီ ဒိုင်ဗင်ထိုးခဲ့တယ်လို့ ဒေါသတကြီး စွပ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းတို့ နောက်ကျ ချေပဂိုးရခဲ့ပေမယ့် ပြန်လည် ပယ်ဖျက်ခံခဲ့ရတာပါ။ ရီစီဂျိမ်းစ် ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘိုဝင်ဖြတ်ယူဖို့ အလုပ် မန်ဒီနဲ့ ရင်ဆိုင်တွေ့ခဲ့အပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို လူစားဝင်ကစားသမား ကော်နက်က …

ချဲလ်ဆီးဂိုးသမား မန်ဒီ ဒိုင်ဗင်ထိုးတယ်လို့ မိုယက်စ် ဒေါသတကြီး စွပ်စွဲ Read More

အင်္ကျီချွတ် အောင်ပွဲခံပြီးမှ “ဖွတ်မရ၊ ဓားမဆုံး” ဖြစ်ခဲ့တဲ့ ရစ်ချာလီဆန်

စပါးတိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ စပါးက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရစ်ချာလီဆန်ကလည်း ဟွိုက်ဗက်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီပွဲက ရစ်ချာလီဆန်အတွက် စပါးကစားသမားဘဝ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ပထမဆုံးပွဲလို့ဆိုနိုင်ပြီး အရင်ပွဲတွေမှာ အရံကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ရစ်ချာလီဆန်က အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ စပါးတို့ ၂-၁ ဂိုးနဲ့ …

အင်္ကျီချွတ် အောင်ပွဲခံပြီးမှ “ဖွတ်မရ၊ ဓားမဆုံး” ဖြစ်ခဲ့တဲ့ ရစ်ချာလီဆန် Read More

အင်္ဂလန်လက်ရွေးစင်နေရာကို စိတ်မပူဖို့ မက်ဂွိုင်းရားကို ဆောက်ဂိတ်အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က အသင်းနောက်ခံလူ မက်ဂွိုင်းရားတယောက် လက်ရှိအချိန် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပေမယ့် ကမ္ဘာ့ဖလားအတွက် နေရာတနေရာ စိတ်ပူစရာမလိုကြောင်း အာမခံထားတယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ နောက်ဆုံးသုံးပွဲဆက်တိုက် အရံခုံမှာသာ ထိုင်နေခဲ့ရပြီး ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ပြန်လည်ကျော်ယူနိုင်ဖို့ မလွယ်တော့ပါဘူး။ ယူနိုက်တက်က မက်ဂွိုင်းရားမပါတဲ့ သုံးပွဲလုံးမှာ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်ခဲ့ပါတယ်။ ဒါလော့၊ ဗာရန်း၊ လီဆန်ဒရို၊ …

အင်္ဂလန်လက်ရွေးစင်နေရာကို စိတ်မပူဖို့ မက်ဂွိုင်းရားကို ဆောက်ဂိတ်အာမခံချက်ပေး Read More

VAR ကြောင့် စတမ်းဖို့ဘရစ်ခ်ျမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ် ဖိုဖာနာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး ဝက်စ်ဟမ်းကလည်း ပတ်ကွေတာကို ပွဲထွက်အသုံးပြုခဲ့တာပါ။ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ ဂိုးရဖို့ ပိုပြီးဖိကစားလာပေမယ့် တကယ်တမ်းဂိုးရခဲ့တာက ဝက်စ်ဟမ်းအသင်းပါ။ဒီဂိုးကို အန်တိုနီယိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ …

VAR ကြောင့် စတမ်းဖို့ဘရစ်ခ်ျမှာ နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ ချယ်လ်ဆီး Read More

တိုင်ထိပြိုင်ခဲ့ကြပြီး ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ

ပရီးမီးယားလိဂ် ပွဲစဉ် ၆ အစောဆုံးပွဲစဉ်အဖြစ် အဲဗာတန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲမှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ မာဆေးဆိုဒါဘီပွဲဖြစ်တာနဲ့ အညီပွဲက အကြိတ်အနယ်ရှိခဲ့ပြီး လီဗာပူးလ်ကတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့တာပါ။အဲဗာတန်ကတော့ တန်ပြန်တိုက်စစ်ကို အဓိက ထားကစားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်အသင်းဘက်က ဒါဝင်နူနက်စ်နဲ့ ဒီယတ်ဇ်တို့ရဲ့ကန်ချက်တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။အဲဗာတန်ကလည်း ဒါဗီးစ်ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးနေခဲ့တာပါ။ဒုတိယပိုင်းမှာ …

တိုင်ထိပြိုင်ခဲ့ကြပြီး ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီ Read More

ပြောစရာစကားတွေတောင် ပျောက်ဆုံးသွားကြောင်း ချဲလ်ဆီးတိုက်စစ်မှူးဖွင့်ဟ

ချဲလ်ဆီးနဲ့ (၆) နှစ် သက်တမ်းရှိ စာချုပ်သစ်တရပ်ကို ရေးထိုးလိုက်တဲ့ တိုက်စစ်မှူး ဘရိုဂျာက သူ့အနေနဲ့ အသင်းအတွက် စာချုပ်သစ်ချုပ်ဆိုပြီးနောက် ပြောစရာ စကားလုံးတွေတောင် ရှာလို့မတွေ့ခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘရိုဂျာဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းပြီးသွားတဲ့နောက်မှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒီကစားသမားက ပြီးခဲ့တဲ့ရာသီမှာ ဆောက်သမ်တန်ကို အငှားနဲ့သွားကစားရင်း ခြေစွမ်းပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း …

ပြောစရာစကားတွေတောင် ပျောက်ဆုံးသွားကြောင်း ချဲလ်ဆီးတိုက်စစ်မှူးဖွင့်ဟ Read More

အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရလိုကြောင်း သွယ်ဝိုက်အသိပေးလိုက်ပုံရတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ဆိုရှယ်မီဒီယာတွေမှာ အာဆင်နယ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်နေပုံတွေကို တင်ထားပြီး “အလုပ်ကြိုးစားခြင်း” လို့ ရေးသားထားခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီကစားသမားက ပရော်ဖက်ရှင်နယ် ပီပီသသနဲ့ပဲ အသင်းနဲ့ ပူးပေါင်း လေ့ကျင့်လျက်ရှိပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် (၅) ပွဲကစားပြီးချိန်မှာ တပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲထွက်ခွင့်ရခဲ့တဲ့ …

အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရလိုကြောင်း သွယ်ဝိုက်အသိပေးလိုက်ပုံရတဲ့ ရော်နယ်ဒို Read More

ပြိုင်ဘက်တွေက ပစ်မှတ်ထားရင် အားသာချက်အနေနဲ့ အသုံးချဖို့ နူးနက်ဇ်ကို ကလော့ပ်ပြော

ဒီကနေ့ည အဲဗာတန်နဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီး ပါဝင်လာမယ့် ဒါဝင်နူးနက်ဇ်နဲ့ ပတ်သက်လို့ နည်းပြ ကလော့ပ်က သတိပေးပြောကြားလိုက်ပါတယ်။ နူးနက်ဇ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက် နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ နူးနက်ဇ်ဟာ ပရီးမီးယားလိဂ်ကစားသမားဘဝ ဒုတိယပွဲမှာတင် အခုလိုမျိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့ည အဲဗာတန်နဲ့ပွဲမှာတော့ နူးနက်ဇ် ပြန်လည်ပါဝင်တော့မှာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ကလော့ပ်က …

ပြိုင်ဘက်တွေက ပစ်မှတ်ထားရင် အားသာချက်အနေနဲ့ အသုံးချဖို့ နူးနက်ဇ်ကို ကလော့ပ်ပြော Read More

အသင်းနိုင်ရင်တောင် ဂိုးပေးလိုက်ရရင် အိပ်မပျော်တော့ကြောင်း မာတီနက်ဇ်ပြောကြား

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်က သူ့အနေနဲ့ အသင်းနိုင်ပွဲရရှိသည့်တိုင် ဂိုးပေးလိုက်ရတယ်ဆိုရင် ညအိပ်မပျော်ဖြစ်တတ်ကြောင်း ဖွင့်ဟလာပါတယ်။ မာတီနက်ဇ်ဟာ အာဆင်နယ်ဂိုးသမားဟောင်းတယောက်ဖြစ်ပြီး အဲ့ဒီအသင်းမှာ အရံအနေနဲ့သာ ကာလရှည် ရုန်းကန်ခဲ့ရတာပါ။ ဒီဂိုးသမားက ဗီလာကို ရောက်ရှိလာခဲ့ချိန်မှာတော့ ပွဲထွက်ဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သဘောထားနဲ့ပတ်သက်လို့ မာတီနက်ဇ်က “ကျနော်တို့အသင်းနိုင်ပွဲရသည့်တိုင် ကျနော်က ဂိုးပေးလိုက်ရရင် ကျနော် အိပ်မပျော်ဖြစ်ပါပြီ။ နောက်ပြီး အာဆင်နယ်နဲ့ပွဲအပြီးမှာလည်း ကျနော် အိပ်မရခဲ့ပါဘူး” …

အသင်းနိုင်ရင်တောင် ဂိုးပေးလိုက်ရရင် အိပ်မပျော်တော့ကြောင်း မာတီနက်ဇ်ပြောကြား Read More